top of page
IMG_2177.jpg

အလုပ်သမားအသံကိစ္စများ

အလုပ်သမားအသံ ပူးပေါင်းဆောင်ရွက်မှုမှ ကြိုဆိုပါတယ်။

သင်ဟာ ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်တစ်ခု သို့မဟုတ် စားသုံးသူပဲဖြစ်ဖြစ်၊ သင်နေ့စဉ်ဝယ်ယူနေတဲ့ ကုန်ပစ္စည်းတွေကို ထုတ်လုပ်နေသူ အလုပ်သမား‌တွေရဲ့ နေထိုင်မှုအခြေအနေနဲ့ လုပ်ငန်းခွင်အခြေအနေတွေကို သင် ကောင်းကောင်းနားလည်မှုရှိပါသလား။

 

သင် ... စိတ်ဝင်စားပါသလား?

 

ကျွန်ုပ်တို့သည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များ၊ ၎င်းတို့၏ မိသားစုများနှင့် ၎င်းတို့၏ အသိုင်းအဝိုင်းများရှိ အလုပ်သမားများနှင့် ချိတ်ဆက်ထားသော ရပ်ရွာအခြေပြု အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည်။ အလုပ်သမားတွေက သူတို့ရဲ့အတွေ့ အကြုံတွေကို အားလုံးနဲ့ မျှဝေပေးချင်ပါတယ်။

ယခု ဝဘ်ဆိုဒ်သည် အလုပ်သမားများ၏ အသံများကို မျှဝေရန်နှင့် ချဲ့ထွင်ရန်အတွက် နေရာ တစ်ခုဖြစ်သည်။ ကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် အချိန်နှင့်တစ်ပြေးညီ၊ လက်ရှိဖြစ်ပေါ်နေသော အလုပ်သမားများ၏ အတွေ့အကြုံများနှင့် စိုးရိမ်ပူပန်မှုများကို မီးမောင်းထိုးပြရန် အာရှရှိ အလုပ်သမားအသံချန်နယ်များမှ အချက်အလက်များကို စုစည်းထားသည်။ အလုပ်သမားများ ဦးဆောင်သည့်ဗီဒီယိုများနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှု ကွင်းဆက်များတွင် အလုပ်နှင့်ဘဝကဏ္ဍပေါင်းစုံကို ရှေ့တန်းရောက်စေသည့် မှတ်တမ်းရုပ်ရှင်အသေးစားများကို အင်္ဂလိပ်နှင့် အခြားဘာသာစကားများဖြင့် စာတန်းထိုးထားသည် - အလုပ်သမားအတွေ့အကြုံများကို ပိုမိုပြည့်စုံသောရုပ်ပုံလွှာကိုပေးစွမ်းရန်အတွက်လည်း စုစည်းထားပါသည်။

ကျွန်ုပ်တို့တွင် ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှု ကွင်းဆက်များရှိ အလုပ်သမားများ၏ အသံများနှင့် တိုက်ရိုက်ချိတ်ဆက်ရန် နည်းလမ်းများရှိသည်။ ယခု ကျွန်ုပ်တို့သည် အပြုသဘောဆောင်သောပြောင်းလဲမှုအတွက် နားထောင်ပြီး ပူးပေါင်း ပါဝင်လုပ်ဆောင်ရန် လိုအပ်ပါသည်။

ဖတ်ပါ > ကြည့်ပါ > နားထောင်ပါ > လေ့လာပါ > တုန့်ပြန်ပါ

ကျွန်ုပ်တို့၏ အကျိုးအမြတ်မယူသော NGO များနှင့် အလုပ်သမားသမဂ္ဂများပါ၀င်သောကွန်ရက်သည် အောက်ပါဒေတာနှင့် ဗီဒီယိုများကို လုံခြုံသောနည်းလမ်းဖြင့် မျှဝေနိုင်စေရန် အလုပ်သမားများနှင့် လက်တွဲဆောင်ရွက်ခဲ့ပါသည်။ 

 

အကယ်၍ သင်သည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာမှမဆို အကာအကွယ်ပေးထားသော အလုပ်သမားများ၏ အသံများကို ချဲ့ထွင်ရန် ပါဝင်ကူညီလိုသည့် အလုပ်သမားများကို ပံ့ပိုးပေးသော အရပ်ဘက်အဖွဲ့အစည်းဖြစ်ပါက သို့မဟုတ် ပိုမိုလေ့လာလိုသူ၊ ပါဝင်လိုသူ မည်သူမဆို ကျေးဇူးပြု၍ ဆက်သွယ်လိုက်ပါ။ ကျွန်ုပ်တို့သည် သင့်ထံမှ ကြားလိုပါသည်။

အလုပ်သမားဦးဆောင်သော ဗီဒီယိုများ

လစဉ်အလုပ်သမားဦးဆောင်သည့် ဗီဒီယိုကို ကြည့်ပါ။
သို့မဟုတ်
နောက်ထပ် ဗီဒီယိုများကို ကြည့်ရှုရန် အောက်တွင် နှိပ်ပါ။

အလုပ်သမား အသံဒေတာအချက်အလက်များ

အချိန်နှင့်တပြေးညီ တင်ပြထားသော အချက်အလက်
ဒေတာ ဒက်ရှ်ဘုတ်ကို ကြည့်ပါ၊ အာရှရှိ အလုပ်သမားများမှ အစီရင်ခံသော လုပ်ငန်းခွင်အခြေအနေများ၏ သဘောသဘာဝနှင့် လမ်းကြောင်းများအပြင် ကျွန်ုပ်တို့၏ စုပေါင်းလက်လှမ်းမီမှုနှင့် အကျိုးသက်ရောက်မှုများကို ပြသထားသည်။ ဤဒေတာကို
Tech Against Trafficking ပံ့ပိုးမှုဖြင့် Issara Institute ၏ ဒေတာပတ်၀န်းကျင်တွင် လုံခြုံစွာ သိမ်းဆည်းထားပြီး ပိုမိုကောင်းမွန်သော အကာအကွယ်များ ပြုလုပ်ထားပါသည်။

ဖော်ပြပါအချက်အလက်များသည် အစ်ဆာရာ၏
Inclusive Labour Monitoring (ILM) စနစ်ကို အသုံးပြုရန် ပူးပေါင်းထားသည့် အကျိုးအမြတ်မယူသော အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ ကွန်ရက်မှ ပံ့ပိုးပေးထားသည့် တူညီသော "ဘာသာစကားတစ်ခု" ကို အစိုးရများနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့် သူတို့ရဲ့ ကုန်ထုတ်လုပ်ရေးကွင်းဆက်က အလုပ်သမားများ ပိုမိုအဓိပ္ပာယ်ရှိစွာ ထိတွေ့ဆက်ဆံနိုင်ရန် ရည်ရွယ်ပါသည်။

bottom of page