top of page

 ILM ​စနစ်အခြေပြုအချက်အလက်များ

Inclusive Labour Monitoring (ILM) သည် လုပ်ငန်းခွင်အတွင်းရှိ ကုန်ထုတ်လုပ်မှုကွင်းဆက်များနှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ မူလနှင့်ဆိုက်ရောက် နိုင်ငံနှစ်ခုလုံးရှိ အခြေအနေများကို စဉ်ဆက်မပြတ်စောင့်ကြည့်နေသည်။ အလုပ်သမားများ၏ လက်ရှိတုံ့ပြန်ချက်သာမက ကုန်ထုတ်လုပ်တင်သွင်းသူများနှင့် လုပ်သားစုဆောင်းသူများ၏ လုပ်ဆောင်ချက်များနှင့် တုံ့ပြန်မှုများကိုပါ ထင်ဟပ်နေပါသည်။

 

အရပ်ဘက်လူမှုအဖွဲ့အစည်းများ သည် အချက်အလက် ဒေတာများကို စုစည်းကာ အကာအကွယ်ပေးထားပြီး ဒီမိုကရေစီနည်းလမ်းကျသော အလုပ်သမားများ၏အသံများကို ကမ္ဘာသို့တင်ပြရန် ILM စနစ်ကို စုပေါင်းအသုံးပြုနေကြပြီ ဖြစ်သည်။

COMMUNITY DASHBOARD: အားလုံးပါဝင်သည့် အလုပ်သမား စောင့်ကြည့်ရေး

သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ အပ်ဒိတ်လုပ်ထားပါသည်။ အာရှတစ်ဝှမ်းရှိ ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ (NGO နှင့် အလုပ်သမားသမဂ္ဂများ) ကွန်ရက်မှ အလုပ်သမားများနှင့် တိုက်ရိုက်အလုပ်လုပ်ဆောင်ထားသည်။

အချိန်နှင့်တစ်ပြေးညီဖြစ်သော အချက်အလက်များကို  စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

ရွှေအိပ်မက် အပလီကေးရှင်း သည် အလုပ်ရှာဖွေသူများကို ပွင့်လင်းမြင်သာသော၊ တိုက်ရိုက်ချိတ်ဆက်နိုင်သော လုပ်သားဈေးကွက်တစ်ခုဖြစ်စေ ရုံသာမက အလုပ်ရှင်၊ အလုပ်သမားရေးရာ ပံ့ပိုးပေးသူများနှင့် သက်ဆိုင်ရာ NGO များအား ရွှေ့ပြောင်းအလုပ်သမားများမှ အမှတ်ပေး အကဲဖြတ်ထားသည့် မှတ်ချက်များ ပါဝင်သည်။

GOLDEN DREAMS: EMPOWERING ETHICAL RECRUITMENT

"လွန်ခဲ့တဲ့ ခြောက်လ၊ ခုနစ်လလောက်က ပတ်စပို့အသစ်ရလို့ အလုပ်ရှာခဲ့တာ။ အလုပ်အကိုင် ကြော်ငြာအတုတွေ၊ မယုံကြည်ရတဲ့ အေဂျင်စီတွေနဲ့လည်း ကြုံခဲ့ရတယ်၊ သူငယ်ချင်းတွေလည်း အဲ့ဒီလို ကြုံကြတယ်။ မလေးရှားက ပြန်လာတဲ့ အလုပ်သမားအဖြစ် အတွေ့အကြုံရှိပေမယ့်လည်း၊ အလုပ်ရှာရန်ခက်ခဲနေတယ် ကံကောင်းထောက်မစွာနဲ့ အစ်ဆာရာရဲ့ ဖေ့ဘုတ်ကနေ ရွှေအိပ်မက် ရဲ့ အလုပ်ရှာဖွေသူများအတွက် နေရာကို ရှာဖွေတွေ့ရှိခဲ့တယ် အနည်းငယ်ကြိုးစားပြီးနောက် ရွှေအိပ်မက် အက်ပ်ကနေ တစ်ဆင့် CV ကို တင်ပြနိုင်ခဲ့သည်။ အစ်ဆာရာကိုလဲ မက်ဆင်ဂျာ ဗိုက်ဗာတွေကနေလဲ ဆက်သွယ်အသိပေးခဲ့ပါတယ် ရက်ပေါင်း ၄၀ ကြာ စောင့်ပြီးနောက်မှာတေ့ာ လျှောက်လွှာတင်ခဲ့တဲ့ လုပ်အကိုင်ရှာဖွေရေးအေဂျင်စီက ကျွန်တော့ကို အင်တာဗျူးတစ်ခုအတွက် ခေါ်ခံရပါတယ် ရွှေအိပ်မက် က ကျွန်တော့ လိုအလုပ်ရှာဖွေသူများအတွက် အမှန်တကယ် အထောက်အကူဖြစ်စေပါတယ်။ ရွှေအိပ်မက်အကြောင်းကို အခြားသူများသိအောင်မျှဝေခြင်းနဲ့ လမ်းညွှန်မှုအတွက် အစ်ဆာရာကို ကျေးဇူးတင်ပါတယ် ရွှေအိပ်မက် မှတဆင့် လိမ်လည်မှုများကို ရှောင်ရှားရန်နဲ့ အခြားသူများ စစ်မှန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းများကို ရှာဖွေနိုင် ရန်အတွက် ကျွ‌န်တော် ကူညီပေးမည်ဟု ကတိပြုပါသည်။

ကျေးဇူးတင်ပါတယ် အစ်ဆာရာ!"

- မြန်မာနိုင်ငံ ပဲခူး ‌ဒေသမှ အလုပ်ရှာဖွေသူ တစ်ဉီး

bottom of page